ဘာသာစကားရွေးချယ်ပါ
လျှောက်လွှာဖြည့်နေဆဲသူများအတွက်
ငွေပေးချေမှု မျက်နှာပြင်ကို ပိတ်ထားခဲ့ပါကလည်း အီးမေးလ်လိပ်စာတူဖြင့် အတည်ပြုပြီး ငွေပေးချေမှုကို ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
သင်လျှောက်ထားခွင့်ရှိမရှိကို အတည်ပြုပြီး သဘောတူညီချက်ပေးပြီးနောက် ယခင်က အသုံးပြုခဲ့သည့် အီးမေးလ်လိပ်စာကို ထပ်မံ ထည့်ပါ။
ဤသုတေသနသည် HIV ကိုယ်တိုင်စစ်ဆေးမှုကို ဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်အောင် ပြုလုပ်ကာ ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများ အသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။ ထို့အပြင် အသုံးပြုသူများ၏ သဘောသဘာ၀နှင့် ကျေနပ်မှုကို သိရှိရန်၊ စစ်ဆေးသူများအတွက် လိုအပ်သည့် ထောက်ပံ့ရေးစနစ်ကို ရှာဖွေရန်နှင့် HIV ကိုယ်တိုင်စစ်ဆေးမှု၏ လက်ခံနိုင်မှုနှင့် လက်တွေ့ကျမှုကို အကဲဖြတ်ရန်လည်း ရည်ရွယ်ပါသည်။
ဤသုတေသနတွင် ပါဝင်သူများမှာ ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများ သို့မဟုတ်ပါသည် နိုင်ငံခြားသားနှင့်သွေးသားတော်စပ်သူ ဂျပန်နိုင်ငံသားများဖြစ်ပြီး အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ ဖြစ်ပါသည်။
ပထမဦးစွာ၊ သင်သည် ဤသုတေသနတွင် ပါဝင်ခွင့်ရှိမရှိကို အတည်ပြုလိုပါသည်။ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါ:
သင်သည် နိုင်ငံခြားသားတစ်ဦးလား၊ ဒါမှမဟုတ်ပါသည် နိုင်ငံခြားသားနှင့်သွေးသားတော်စပ်မှုရှိသော ဂျပန်နိုင်ငံသားတစ်ဦးလား?
လက်ရှိတွင် ဂျပန်နိုင်ငံတွင် နေထိုင်ပါသလား?
သင်သည် အသက် ၁၈ နှစ်နှင့်အထက်ရှိပါသလား?
HIV အကြောင်း သိထားသင့်သော အရေးကြီးအချက်များ
HIV ကိုယ်တိုင်စစ်ဆေးခြင်းကို မရှင်းပြမီ သိထားသင့်တဲ့ အရေးကြီးအချက်များ:
- HIV သည် ”Human Immunodeficiency Virus” ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ ၎င်းသည် ကိုယ်ခံစွမ်းအားစနစ်ကို အားနည်းစေသောကြောင့် ရောဂါဖြစ်ရန်လွယ်ကူစေသည်။ HIV ကို အစောပိုင်းတွင် တွေ့ရှိပြီး ကုသမှု စတင်ခံယူပါက ကျန်းမာစွာ နေထိုင်ပြီး အသက်ရှည်နိုင်သည်။ မှန်ကန်သော ဆေးဝါးများကို ဆက်လက်သောက်သုံးပါက အခြားသူထံ HIV ကူးစက်နိုင်ခြေ အလွန်နည်းသွားသည်။
- သင်သည် ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားတစ်ဦးဖြစ်ပါက HIV ရှိခြင်းကြောင့် ဗီဇာ မဆုံးရှုံးပါ။
- HIV ရှိခြင်းကြောင့် ကျောင်းမှ ထုတ်ပယ်ခြင်း သို့မဟုတ် အလုပ်မှ ထုတ်ပယ်ခံရခြင်းဖြစ်ရန် အကြာင်းမရှိပါ။
HIV ကိုယ်တိုင်စစ်ဆေးခြင်းအကြောင်း
ဤသုတေသနတွင် ကျွန်ုပ်တို့သည် OraQuick ကို အသုံးပြုပါသည်။
OraQuick ဆိုတာဘာလဲ?
OraQuick သည် ကိုယ်တိုင် အသုံးပြုနိုင်သည့် ရိုးရှင်းသော HIV ကိုယ်တိုင်စစ်ဆေးကိရိယာတစ်ခုဖြစ်သည်။ကိုယ်တိုင်စစ်ဆေးကိရိယာအစုံတွင်ပါ၀င်သည့် ဒုတ်တံဖြင့် သင့်ပါးစပ်အတွင်းမှ သွားဖုံးကို နူးညံ့စွာ ပွတ်တိုက်ပြီး ဒုတ်တံကို အရည်ပါသော ပုံးထဲ ထည့်လိုက်ပါက ခန့်မှန်းချိန် ၂၀ မိနစ်အတွင်း ရလဒ်ကို မြင်တွေ့နိုင်ပါသည်။
- ဆေးထိုးရန် သို့မဟုတ်ပါသည် သွေးနမူနာ မလိုအပ်ပါ။
- ဆေးစစ်မှုကို ဆေးရုံ သို့မဟုတ်ပါသည် စစ်ဆေးရေးဌာနသို့ မသွားဘဲ သင်အဆင်ပြေသည့်နေရာတွင် ကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။
- ဤစမ်းသပ်ကိရိယာကို ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ပြန့်စွာ အသုံးပြုကြပြီး ယုံကြည်စိတ်ချရသော စမ်းသပ်နည်းတစ်ခု ဖြစ်ပါသည်။
- OraQuick သည် သင့်ခန္ဓာကိုယ်တွင် HIV ပဋိဇီ၀ပစ္စည်းများ ရှိမရှိကို စစ်ဆေးပေးသည်။ HIV ပိုးရှိသူ နှင့် ထိတွေ့ခဲ့နိုင်သည့် အချိန်မှ ၃ လ မပြည့်သေးပါက ရလဒ် မှန်ကန်မှု မရှိနိုင်ပါ။
- ဤစမ်းသပ်ကိရိယာသည် သုတေသနရည်ရွယ်ချက်အတွက်သာ ရည်ရွယ်ထားသောကြောင့် စမ်းသပ်ရလဒ် ပိုးရှိသည်(ပေါ့စတစ်)ဖြစ်ပါသော်လည်း ကုသမှု မစတင်နိုင်ပါ။
- သင့်ရလဒ် ပိုးရှိသည် (positive) ဖြစ်ပါက ထပ်မံအတည်ပြုရန် ပြည်သူ့ကျန်းမာရေးစင်တာ သို့မဟုတ် ဆေးရုံသို့ သွားရောက်ပြီး သွေးစစ်ဆေးမှုခံယူရန်တိုက်တွန်းပါသည်။
HIV ကိုယ်တိုင်စစ်ဆေးနည်း လုပ်ဆောင်ရမည့်အဆင့်များ
စမ်းသပ်ကိရိယာကို ရရှိရန် အွန်လိုင်းမှ လျှောက်ထားပါ။
-
စစ်ဆေးကိရိယာရယူရန် အွန်လိုင်းမှ လျှောက်ထားပါ။
-
သင်ဖြည့်သွင်းထားသော အီးမေးလ်လိပ်စာသို့ လက်ခံရရှိမှုနံပါတ် (receipt number) ပို့ပေးမည်။
-
စမ်းသပ်ကိရိယာ (OraQuick) နှင့် လမ်းညွှန်ချက်များ ရယူပါ။
-
အသုံးပြုပုံညွှန်ကြားချက်များနှင့် စစ်ဆေးနည်းဗီဒီယိုကို လိုက်နာကာ ကိရိယာဖြင့် သွားရည်ကို စုဆောင်းပြီး ၂၀ မိနစ်အကြာတွင် ရလဒ်ကို စစ်ဆေးပါ။
စမ်းသပ်ကိရိယာရယူနည်း
လျှောက်ထားသူများသည် အောက်ပါရွေးချယ်စရာများထဲမှ တစ်ခုကို ရွေးနိုင်ပါသည်။
-
အိမ်သို့ပို့ဆောင်ခြင်း
သင့်နာမည်နှင့် အိမ်လိပ်စာကို မေးမြန်းပါမည်။
-
ဒေသခံစာတိုက်ရုံးတွင် ကိုယ်တိုင်ယူခြင်း
စာတိုက်ရုံးအမည်၊ သင့်အမည်နှင့် သင့်လိပ်စာကို မေးမြန်းပါမည်။
အွန်လိုင်းမှ တဆင့်စမ်းသပ်ကိရိယာလျှောက်ထားခြင်းဆောင်ရွက်ခ (၅၀၀ ဂျပန်ယန်း) ကိုပေးဆောင်ပါ။ သင့်ငွေပေးချေမှု အတည်ပြုပြီးပါက ငွေတောင်းခံလွှာနံပါတ်ကို အီးမေးလ်ဖြင့် ပို့ပေးပါမည်။
※သင့်နာမည်နှင့် လိပ်စာမှန်ကန်မှုကို သေချာစစ်ဆေးပါ။ နာမည် သို့မဟုတ် လိပ်စာမှားယွင်းမှုကြောင့် ကိုယ်တိုင်စမ်းသပ်ကိရိယာ မပို့ဆောင်နိုင်ပါက ထပ်မပို့နိုင်ပါ။
- ပို့ဆောင်ပြီးစီးသွားပါက သင့်နာမည်နှင့် လိပ်စာကို ဖျက်ပစ်ပါမည်။ ပို့ဆောင်သည့်အချိန်ပစ္စည်းထုတ်၏ အတွင်းပါအရာများကို မမြင်နိုင်ပါ။
- စမ်းသပ်ကိရိယာပို့ပြီးနောက် ၂ ပတ်ခန့်အတွင်း သင့်စမ်းသပ်ရလဒ်ဓာတ်ပုံကို မတင်ထားသေးပါက၊ မေးခွန်းစာရွက်ကို မဖြည့်သွင်းထားပါက ကျွန်ုပ်တို့သည် ထပ်မံ၍ အီးမေးလ်ဖြင့် ဆက်သွယ်ပါမည်။
ဤသုတေသနအကြောင်း
ဤသုတေသနသည် ”ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသား များအတွက် HIV စစ်ဆေးခြင်းနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု တိုးတက်ကောင်းမွန်စေရန် သုတေသန” ဟု အမည်ပေးထားသည့် အမျိုးသားသုတေသနစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထို့ကြောင့် စမ်းသပ်မှုအတွက် လျှောက်ထားသောအခါ သင်၏ကိုယ်ရေးရာဇ၀င်အကျဉ်းအကြောင်း မေးခွန်းတိုတစ်စောင် ဖြေဆိုရန် တောင်းဆိုပါမည်။ စမ်းသပ်မှုကို အသုံးပြုပြီးနောက် သင့်အား အောက်ပါအချက်များကို ပြုလုပ်ရန် တောင်းဆိုပါမည်။ သင့်စမ်းသပ်ရလဒ်ဓာတ်ပုံကို ညွှန်ကြားထားသည့် ဝက်ဘ်ဆိုဒ်ပေါ် တင်ပါ။ / သင့်အတွေ့အကြုံနှင့်ကျေနပ်မှုအကြောင်း သိရှိနိုင်ရန်နောက်ထပ်တိုတောင်းသောမေးခွန်းလွှာတစ်စောင်ကိုဖြေဆိုပါ။ ဤအရာအားလုံးကို ပြီးမြောက်ပါက ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် QuoCardPay (၁,၀၀၀ ယန်း) ကို အီးမေးလ်ဖြင့် ပို့ပေးမည်ဖြစ်သည်။
သုတေသနအတွက် သဘောတူညီချက်
စမ်းသပ်မှုတွင်ပါ၀င်ရန်ဖိတ်ခေါ်သည့်ကာလပြီးဆုံးပါက ရလဒ်များကို စုဆောင်း၍ သုံးသပ်မည်ဖြစ်သည်။ သုတေသနရည်ရွယ်ချက်မှာ ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများအတွက် HIV စစ်ဆေးမှုကို ပိုမိုလွယ်ကူအောင် နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။ ဦးဆောင်သုတေသနမှူးသည် သုတေသနတွင်အသုံးပြုရန်အတွက် စမ်းသပ်ကိရိယာကို သင်အသုံးပြုပြီးကြောင်းနှင့် သင် တင်ထားသော စမ်းသပ်ကိရိယာဓာတ်ပုံများကို ကြည့်ရှုမည်ဖြစ်ကြောင်း နားလည်ပေးပါ။
သင့်စမ်းသပ်ရလဒ် ပိုးရှိသည်(ပေါ့စတစ်)ဟုအဖြေထွက်ပါက သုတေသနအဖွဲ့မှ ဆရာဝန်တစ်ဦးက သင့်အား ဆက်သွယ်ကာ သွေးစမ်းသပ်မှု ခံယူနိုင်ရန်စီစဉ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် သင့်စမ်းသပ်ချက်ရလဒ်နှင့် အီးမေးလ်လိပ်စာကို ဆရာဝန်ထံ မျှဝေပေးမည်ဖြစ်သည်။
ဖြန့်ဝေပေးနိုင်သည့် ကိုယ်တိုင်စမ်းသပ်ကိရိယာများအရေအတွက်ကို ကန့်သတ်ထားသောကြောင့် တစ်ဦးလျှင် တစ်စုံသာ လျှောက်ထားရန် မေတ္တာရပ်ခံပါသည်။ တောင်းဆိုသူအရေအတွက် ပြည့်ပါက လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းလည်း နားလည်ပေးပါ။
သင်သည် မည်သည့်အချိန်တွင်မဆို ဤသုတေသနတွင် ပါဝင်ရန် သဘောတူညီချက်ကို နုတ်ထွက်နိုင်ပါသည်။ နုတ်ထွက်လိုပါက လျှောက်လွှာတင်ချိန်တွင်ရရှိခဲ့သည့် သင်၏ငွေကြေးလက်ခံအထောက်အထားနံပါတ်နှင့် လျှောက်ထားစဉ် ဖြည့်သွင်းထားသော အီးမေးလ်လိပ်စာကို အသုံးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်ပါ။
သုတေသနကို အဓိကဦးဆောင်သူ ကော်ရင်တက္ကသိုလ် လူမှုသိပ္ပံလေ့လာရေးဌာန စုတိုမု ကီတာဂျိမာ kitajima@ks.kyorin-u.ac.jp
အထက်ဖော်ပြပါ အချက်အလက်များကို နားလည်လက်ခံပြီး ”ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများအတွက် HIV ကိုယ်တိုင်စစ်ဆေးခြင်း ပံ့ပိုးပေးမည့် စနစ် ဖွံ့ဖြိုးရေး” သုတေသနတွင် ပါဝင်ရန် သဘောတူပါသလား?
HIV ကိုယ်တိုင်စစ်ဆေးခြင်း လျှောက်လွှာ
လျှောက်ထားနည်း
-
HIV ကိုယ်တိုင်စစ်ဆေးခြင်းဆိုင်ရာ ကြိုတင်စစ်တမ်းကို ဖြည့်စွက်ပါ။
-
ကိုယ်တိုင်စစ်ဆေးကိရိယာကို မည်သို့ လက်ခံလိုပါသလဲ ရွေးချယ်ပါ။
-
သင့်နာမည်နှင့် လိပ်စာကို ထည့်ပါ။
-
လျှောက်ထားခြင်းလုပ်ငန်းစဥ်ဆောင်ရွက်ခ (၅၀၀ ဂျပန်ယန်း) ပေးဆောင်ပါ။
HIV ကိုယ်တိုင်စစ်ဆေးခြင်းဆိုင်ရာ ကြိုတင်စစ်တမ်း
ဤစစ်တမ်းသည် HIV ကိုယ်တိုင်စစ်ဆေးမှုကို အသုံးပြုလိုသူများ၏ သဘောသဘာ၀များကို နားလည်ရန် ရည်ရွယ်ပါသည်။ ရလဒ်များကို အနာဂတ် HIV စစ်ဆေးမှုဝန်ဆောင်မှုများ စီမံကိန်းရေးဆွဲခြင်းနှင့် တိုးတက်အောင် မြှင့်တင်ရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ ကျေးဇူးပြု၍ ပူးပေါင်းကူညီပေးပါရန် တောင်းဆိုအပ်ပါသည်။
သင့်ဖြေကြားချက်များကို စာရင်းအင်းဆိုင်ရာဖြင့်သာ စုစည်းသုံးသပ်မည်ဖြစ်၍ စစ်တမ်းဒေတာမှ တဆင့်သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကိုမည်သူမျှ တစ်ဦးချင်း မသိနိုင်ပါ။ စစ်တမ်းတွင် ပါဝင်ခြင်းမှာ သင်၏သဘောဆန္ဒသာဖြစ်ပြီး မဖြေလိုသော မေးခွန်းများကို မဖြေရန် အခွင့်အရေးရှိပါသည်။
ဤစစ်တမ်းကို ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ဂျပန်တွင် နေထိုင်သော နိုင်ငံခြားသားများအတွက် ပိုမိုကောင်းမွန်သော HIV စစ်ဆေးမှု ဝန်ဆောင်မှုများ ပံ့ပိုးနိုင်ရန် ကူညီပေးစေလိုပါသည်။